၂၀၂၀ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကြီးမှာ အပြေးသမားများ၊ ထောက်ခံအားပေးသူများ၊ လုပ်အားပေးများနဲ့ စပွန်ဆာများအားလုံး သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ကူညီပေးကြတဲ့အတွက် ယနေ့အထိ ကျင်းပခဲ့သမျှ မာရသွန်ပြိုင်ပွဲတွေအားလုံးမှာ အောင်မြင်မှုအရှိဆုံးပြိုင်ပွဲဖြစ်လာတဲ့အတွက် အထူးပင် ကျေးဇူးဥပကာရတင်ရှိပါကြောင်း ဖော်ပြအပ်ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် မာရသွန်ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော်မှ ပြိုင်ပွဲဝင်ပေါင်း ၁,၁၀၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့လို့ ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲအားလုံးမှာ ယှဉ်ပြိုင်သူအများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။
မာရသွန်ပွဲနေ့က ဓါတ်ပုံများနဲ့ ဗီဒီယို များကိုလည်း ထပ်တင်ပေးမှာမို့ စောင့်ကြည့်ပေးကြပါနော်။ ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့ရဲ့ ပြိုင်ပွဲရလဒ်များကို အောက်ပါ လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။